Are you saying that...? (...လို့ ပြောတာလား)
၁။ ငါ့ကို မလိုဘူးလို့ ပြောနေတာလား။
Are you saying that you don't need me?
၂။ ငါ မှားတယ်လို့ ပြောနေတာလား။
Are you saying that I'm wrong?
၃။ ဒီအလုပ် မလုပ်ချင်ဘူးလို့ ပြောနေတာလား။
Are you saying that you don't want to do this job?
၄။ သူ လိမ်ခဲ့တယ်လို့ ပြောနေတာလား။
Are you saying that he lied?
၅။ ငါတို့ အချိန်ကုန်သွားပြီလို့ ပြောနေတာလား။
Are you saying that we've run out of time?
၆။ မင်း ထွက်မယ်လို့ ပြောနေတာလား။
Are you saying that you're leaving?
၇။ ဒါ ငါ့အမှားလို့ ပြောနေတာလား။
Are you saying that it's my fault?
၈။ ငွေမလုံလောက်ဘူးလို့ ပြောနေတာလား။
Are you saying that the money isn't enough?
၉။ ငါတို့ ဒီအစီအစဉ် ဖျက်ရမယ်လို့ ပြောနေတာလား။
Are you saying that we should cancel this plan?
၁၀။ မင်း ငါ့ကို မယုံဘူးလို့ ပြောနေတာလား။
Are you saying that you don't trust me?
ပိုရသွားအောင် Are you saying that...? သုံးပြီး ဥပမာတစ်ကြောင်းရေးသွားပါ။
#Crd
#Dee
#englishlanguage #thurainsenglish
Vocabulary လေ့လာကြမယ်။ဒီVocabulary လေးတွေက နေ့စဉ်ဘဝမှာ အသုံးများတဲ့ စကားလုံးလေးတွေပါ။
1. Ambitious (adj) - ရည်မှန်းချက်ကြီးသော
အဓိပ္ပာယ် - တစ်ခုခုကို အောင်မြင်ဖို့ ဒါမှမဟုတ် ရရှိဖို့အတွက် ပြင်းပြတဲ့ ဆန္ဒရှိတာကို ဆိုလိုပါတယ်။
ဥပမာ- Liam is very ambitious; he aims to be the CEO of the company one day.
( လီယမ်က ရည်မှန်းချက် အရမ်းကြီးတယ်၊ သူက တစ်နေ့မှာ ကုမ္ပဏီရဲ့ CEO ဖြစ်လာဖို့ ရည်မှန်းထားတယ်။)
2. Nervous (adj) - စိတ်လှုပ်ရှားသော / စိုးရိမ်သော
အဓိပ္ပာယ် - တစ်ခုခုလုပ်ခါနီးမှာ စိုးရိမ်ပူပန်တာ၊ မသေချာသလို ခံစားရတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အနည်းငယ် လျော့နည်းနေတဲ့ အခြေအနေမျိုးပါ။
ဥပမာ- He felt nervous before his first public speech, but he did really well.
(သူက ပထမဆုံးအကြိမ် လူပုံအလယ်မှာ စကားမပြောခင် စိတ်လှုပ်ရှားနေခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အရမ်းကောင်းအောင် ပြောနိုင်ခဲ့ပါတယ်။)
3. Relative (n) - ဆွေမျိုး
အဓိပ္ပာယ် - သွေးသားတော်စပ်တာပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြုလို့ တော်စပ်တာပဲဖြစ်ဖြစ် ပတ်သက်နေတဲ့သူ (ဆွေမျိုး) ကို ခေါ်တာပါ။
ဥပမာ -My aunt is a close relative of mine.
( ကျွန်တော့်ရဲ့ အဒေါ်က ကျွန်တော်နဲ့ တော်စပ်တဲ့ နီးစပ်သော ဆွေမျိုးတစ်ယောက် ဖြစ်ပါတယ်။)
4. Organised (adj) - စနစ်တကျရှိသော
အဓိပ္ပာယ် - အလုပ်တွေ၊ ပစ္စည်းတွေ ဒါမှမဟုတ် အစီအစဉ်တွေကို စနစ်တကျ စီစဉ်တတ်တာ၊ သေသပ်ကျနတာကို ပြောတာပါ။
ဥပမာ -She's so organised; her desk is always so neat.
( သူမက အရမ်းကို စနစ်တကျရှိတယ်၊ သူမရဲ့ စားပွဲက အမြဲတမ်း သပ်သပ်ရပ်ရပ် ရှိနေတတ်တယ်။)
5. Reliable (adj) /rɪˈlaɪəbl/ - အားကိုးထိုက်သော / ယုံကြည်စိတ်ချရသော
အဓိပ္ပာယ် - ကတိတည်တဲ့သူ၊ ခိုင်းထားတဲ့အလုပ်ကို သေချာပေါက် လုပ်ပေးတတ်တဲ့သူ ဒါမှမဟုတ် အမြဲတမ်း မှန်ကန်တဲ့သူကို ဆိုလိုတာပါ။
ဥပမာ - If you need help with your homework, ask Phyo; he is very reliable.
( မင်း အိမ်စာအတွက် အကူအညီလိုရင် ဖြိုးကိုမေးကြည့်၊ သူက အရမ်းအားကိုးထိုက်တဲ့သူ (ယုံကြည်စိတ်ချရတဲ့သူ) ပါ။)
ဒီစကားလုံး (၅) လုံးဟာ လူတစ်ယောက်ရဲ့ Character (စရိုက်)နဲ့ Feeling (ခံစားချက်) တွေကို ဖော်ပြတဲ့နေရာမှာ အသုံးဝင်ပါတယ်။
ဖတ်ရုံနဲ့မပြီးသေးပါဘူး ဒီစကားလုံး ၅လုံးကို စာကြောင်းတစ်ကြောင်းစီတည်ဆောက်ကြမယ် ။
Speaking Dialogue မှာထည့်ပြောမယ်။ Revision ခနခနပြန်မယ်။
လုပ်နိုင်ကြမယ်မလား ။
"Keep going"🤜🤛
#Dee
#SelfStudy
#EnglishVocabulary
#LearnEnglish
FluentUp
31 de ago. de 2026, 10:04
🗣️ Say vs Tell ဘယ်လိုကွာလဲ?
အကြမ်းဖျဉ်းအားဖြင့် နှစ်ခုလုံးက "ပြောသည်" လို့ အဓိပ္ပာယ်ရပေမဲ့ အနောက်ကလိုက်တဲ့ Structure (ဝါကျတည်ဆောက်ပုံ) မတူပါဘူး။
1. Say (တစ်စုံတစ်ခုကို ပြောဆိုခြင်း)
"Say" ကို သုံးတဲ့အခါ ဘယ်သူ့ကို ပြောတာလဲ ဆိုတာထက် ဘာပြောလိုက်တာလဲ (Message)ကို ပိုအဓိကထားပါတယ်။
"Say" ရဲ့ အနောက်မှာ နားထောင်သူ (Person) တန်းလိုက်လို့ မရပါဘူး။
Structure: Say + (something)
တစ်စုံတစ်ယောက်ကို ပြောတယ်လို့ သုံးချင်ရင် "to"ခံပေးရပါတယ်။
He said to me that he was tired.
2. Tell (တစ်စုံတစ်ယောက်ကို ပြောပြ/ညွှန်ကြားခြင်း)
"Tell" ကို သုံးတဲ့အခါ ဘယ်သူ့ကို ပြောတာလဲ (Person)ဆိုတာ အမြဲတမ်း ပါရပါတယ်။ သူ့နောက်မှာ နားထောင်သူ (Object) တန်းလိုက်ရပါတယ်။
Structure:Tell + (someone) + (something)
အလွယ်မှတ်နည်း
Say something (တစ်ခုခုကို ပြောသည်)
Tell someone (တစ်ယောက်ယောက်ကို ပြောပြသည်)
ဖတ်ရုံနဲ့မပြီးဘူးနော် အောက်ကလေ့ကျင့်ခန်းပါလုပ်သွားအုံး
Fill in the blanks (Say or Tell?)
1. Please __ me the truth.
2. What did you __?
3. He __ that he was busy.
4. Don't __ her about the surprise.
#English
#SelfStudy
#Dee