Zone Reactions
Douglas ကပြောတယ် market ကို predict လုပ်တာထက် key levelတွေမှာ reaction ကိုကြည့်ပြီး ဆုံးဖြတ်တာပိုကောင်းတယ်တဲ့
Institutional trader ကြီးတွေက Key Level တွေမှာ သူတို့ order တွေကို ဝင်ဖို့ ထွက်ဖို့ ပြင်ဆင်ထားကြတာမို့ပါ
Passive order Active order တွေအကြောင်းသိပြီးပြီဆိုတော့ စျေးတန်းတစ်ခုက Supply Demand Zone levelတွေမှာ ဘယ်လို အလုပ်လုပ်သွားလည်း
နားလည်ဖို့လိုတယ်
ဥပမာ Demand zone တစ်ခုကို Seller တွေကactive sell order တွေ ပို့တယ်
Demand zone နားမှာ passive buy order တွေရှိတယ်
Sell order အရေအတွက် aggressive ဖြစ်မဖြစ်ပေါ်မူတည်ပြီး
1- Absorption
2- Exhaustion ဆိုတဲ့ pattern တွေပေါ်လာလိမ့်မယ်
Absorption ဖြစ်တယ်ဆိုတာ သေးတဲ့ငါးကို ကြီးတဲ့ငါးက စားသွားတာ
Demand level ကို aggressive ဖြစ်နေတဲ့ active sell order များများ ရုတ်တရတ် လာ ရိုက်တယ်
Zone level မှာ အဲ့ order အရေအတွပ်ထက်များတဲ့ Passive buy order တွေ တောက်လျောက်ရှိနေတယ်
ဝင်လာသမျှ sell order တိုင်းကို absorb လုပ်သွားနိုင်ပြီး price ကို ပြန် တွန်းထုတ်လိုက်နိုင်တယ်
ဒါကို instant price reaction အနေနဲ့မြင်နိုင်တယ်
ရုတ်တရက် Volume များတဲ့ candle က zone levelကို လာရိုက်တယ်
ရုတ်တရက် ပြန် ကန် တက်သွားတယ်
ဒါက Absorb လုပ်ခံလိုက်ရတာ
Volume ပါပေမယ့် price လိုက်မလာနိုင်တာမျိုး
Exhaustion ဖြစ်တယ်ဆိုတာက volume တွေ မောသွားတာ
Demand zone ကို active sell order တွေ လာတိုးဖို့ကြိုးစားတယ်
ဒါပေမယ့် ပါဝင်တဲ့ seller အရေအတွက်က နည်းနည်းလာတယ်
Price က ဖောက်ချင်ပေမယ့် Volume က လိုက်မလာဘူး
Passive Buy order တွေက အလွယ်တကူ အားသာသွားတယ်
ဒါတွေက Zone မှာဖြစ်နိုင်တဲ့ reversal reaction တွေပဲ
ဒါကလည်း အမြဲ အလုပ်ဖြစ်တာတော့မဟုတ်ဘူး
Absorption Exhaustion တွေ fail သွားတာလည်းရှိတယ်
Absorption က ဘယ်အချိန်မှာ fail လည်းဆိုတော့
Passive buyer တွေက ရုတ်တရက် buy limit တွေကို ဖြုတ်ချလိုက်တဲ့အချိန်မှာ
Aggressive sell order တွေကို ထိန်းမရတော့ဘူး
တခါတလေ retail buyer တွေကို လှည့်စားဖို့အတွက် လုပ်တက်တယ်
အဲ့မှာ demand zone levelက buy limit တွေ ပွင့် Stop loss တွေ ထိသွားရင်
ပိုများတဲ့ sell order တွေဝင်လာတယ် Market sentiment က ပြောင်းသွားတာ
Exhaustion ဘယ်အချိန် fail လည်းဆိုတော့
Demand zone ကို seller volume နည်းနည်းနဲ့ တိုးပေမယ့်
တကယ့်ရည်ရွယ်ချက်က အဲ့လို မဟုတ်ဘူး ခနပဲ pause လုပ်ထားတာ
Demand zone မှာ buy limit တွေ နည်းသွားချိန်မှာ ရုတ်တရက်ကြီး sell volume တွေတိုးလာတယ်
အဲ့မှာ buy limit တွေ ပွင့် Stop loss တွေထိသွားရင် ပိုများတဲ့ sell order တွေဝင်ပြီး Market sentiment ပြောင်းသွားတယ်
Reversal လို့ထင်ထားတာတွေက Continuation တွေ ဖြစ်သွားတယ်
Zone level တွေမှာ ဒီလို reaction တွေဖက်တက်ဖို့လိုတယ်
Techanical Analysis
May 22, 2026, 12:56 AM
📷 Photo
7,240
18
0
Techanical Analysis
May 22, 2026, 12:56 AM
📷 Photo
4,200
17
0
Techanical Analysis
May 22, 2026, 12:56 AM
Active Orders
ကျနော်တို့ trading chart ရဲ့ ပုံမှန် ပြတဲ့ပုံစံက candlestick (OHLC) နဲ့ပြတယ်
အဲ့ candle တစ်ခုချင်းစီတိုင်းမှာ active order တွေ price level တိုင်းမှာရှိနေတယ်
BID × ASK Price
0 × 5 2000
8 × 64 1999
22 × 0 1998
ဒီမှာ ပြထားတဲ့နမူနာက ဘယ် ဖက်မှာ Bid(အဝယ်) ညာဖက်မှာ Ask(အရောင်း)
ခုပြတာက လက်တလော အရောင်းအဝယ်ဖြစ်သွားတဲ့order တွေမို့
အဝယ်ခြမ်းဖက်က order အရေအတွက်ဆိုတာ က ရောင်းတာကို ဝယ်ထားမိတဲ့ ပမာဏ
တစ်နည်းအားဖြင့် sellers that hit bid side
အရောင်းဖက်ခြမ်းက order အရေအတွက်ဆိုတာက ဝယ်တာကို ရောင်းထားမိတဲ့ ပမာဏ
တစ်နည်းအားဖြင့် buyers that hit ask side
ဘယ်ဖက်အပေါ်ဆုံးမှာ 0 ညာဖက်အောက်ဆုံးမှာ 0 ပြထားတဲ့သဘောက
ဒီ level မှာ ထပ်ဝယ်စရာ ထပ်ရောင်းစရာ မရှိတော့ဘူးဆိုတဲ့သဘော
Finished order လို့ခေါ်တယ်
တကယ်လို့ အဲ့နားမှာ 0 အစား order အရေအတွက် ကျန်နေသေးရင်တော့ စျေးတန်းက ဒီနားကို ပြန်လာနို်ငသေးတယ်
Unfinished order လို့ခေါ်တယ်
Price level ကြားမှာရှိတဲ့ order တွေရဲ့ Balance ဖြစ်မှု imbalance ဖြစ်မှုကိုတော့
Active order အရေအတွက်ကိုကြည့်ဆုံးဖြတ်တယ်
Bid ဖက်မှာ 8 Ask ဖက်မှာ 5 order fill သွားတယ် ခြားနားခြင်းက သိပ်မရှိဘူး
Bid 8 ခုဆိုတာက 8 ခုလာရောင်းသွားတာ အဝယ်ဖက်ကို
Ask 5 ခုဆိုတာက 5 ခုလာဝယ်သွားတာ အရောင်းဖက်ကို
ဒါက balance ဖြစ်တဲ့အနေအထား
Bid ဖက်မှာ 22 Ask ဖက်မှာ 64 order fill သွားတယ်ဆိုတာက ခြားနားခြင်း ၂ဆလောက်ကွာနေတယ်
ဒါက imbalance ဖြစ်သွားတာ
Ask ဖက် 64 ခုဆိုတာ အရောင်းဖက်ကို 64ခုတောင် သွားဝယ်လိုက်တာ
Bid ဖက် 22 ခုဆိုတာ အဝယ်ဖက်ကို 22ခုတောင် လာရောင်းသွားတာ
ဒီအနေအထားမှာ ဝယ်အား က ရောင်းအားထက်ပိုများနေတယ်
Candle တစ်ချောင်းမှာ imbalance ဖြစ်သွားတယ်ဆိုတာ အဲ့လို ဝယ် ရောင်းအား မတူတာတွေ ဖြစ်တဲ့နေရာကို ပြောတာ
အဲ့မှာမှ candle တစ်ချောင်းရဲ့ အများဆုံး order ရှိတဲ့နေရာက 8 × 64 ဆိုတဲ့ level တန်းပဲ
အဲ့နေရာက တစ်နည်းအားဖြင့် support resistance level ဖြစ်တယ်
နောင်တစ်ချိန် စျေးတန်း အဲ့နားကို လာ ထိရင် bounce နိုင်တဲ့နေရာဖြစ်တယ်
ပုံကတော့ AI ကို ထုတ်ခိုင်းလိုက်တာ candle ကို ဖယောင်းတိုင် ပုံထုတ်ပေးလိုက်လို့ ဒါပဲ ကြည့်
Techanical Analysis
May 22, 2026, 12:56 AM
📷 Photo
4,960
17
0
Techanical Analysis
May 7, 2026, 11:46 AM
Liquidity And Stop Loss Hunt
Wyckoff မှာ Liquidity ကိုနားလည်ရပါတယ်
ယေဘူယျအားဖြင့်
Trend Line အထက်အောက် Swing အထက်အောက် Equal High Equal Low အထက်အောက်
Market session အထက်အောက် မှာ
liquidity ရှိပါတယ်
Liquidity ဆိုတာ အဝယ်အရောင်း order တွေရှိတဲ့နေရာပါ
ဥပမာ Uptrend ရဲ့swing pointတွေ အောက်မှာ liquidity ရှိပါတယ်
Stop Loss hunting လုပ်တာတွေက ဒီလို နေရာတွေမှာအဓိကဖြစ်တက်ပါတယ်
ပုံမှန်ဆွဲနေကြ trendline အတိုင်း စျေးတန်းကမသွားပဲ
Trendline liquidity ကို Stop Loss hunting လုပ်ပြီးမှ ဆက်သွားတက်ပါတယ်
Trendline break သလိုလုပ်ပြပြီးမှ မူလ trend ကိုဆက်သွားတာမျိုးဖြစ်ပါတယ်
Even most people say trend is your friend ,Trend is not always your friend , be careful SL hunting
Trendline တိုင်းမှာ rally base rally / drop base drop တွေရှိပြီး Base တိုင်းမှာ spring ရှိပါတယ်
ထိုနေရာမှာ trendline liquidity စားတက်ပါတယ်
Trend ကို follow လုပ်ရင် ဒီအချက်ကိုနားလည်ဖို့လိုပါတယ်
Equal High Equal Low အထက်အောက်မှာလည်း hidden liquidity တွေရှိပါတယ်
Market က equal high equal low အထက် အောက်ကို သွားဖို့ကြိုးစားတက်ပါတယ်
Market session အကူးအပြောင်း တွေရဲ့ အထက်အောက်မှာလည်း liquidity တွေရှိပါတယ်
Liquidity အနည်း အများ ပေါ်မူတည်ပြီး
Stop Loss hunting ဖြစ်တက်သလို
Market ဆက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်
3,880
27
Techanical Analysis
May 7, 2026, 11:46 AM
📷 Photo
3,890
13
0
Techanical Analysis
May 7, 2026, 11:46 AM
📷 Photo
3,880
10
0
Techanical Analysis
May 7, 2026, 11:46 AM
📷 Photo
3,930
14
0
Techanical Analysis
May 7, 2026, 11:46 AM
📷 Photo
2,980
8
0
Techanical Analysis
May 7, 2026, 11:46 AM
📷 Photo
3,650
7
0
Techanical Analysis
May 7, 2026, 11:46 AM
📷 Photo
4,080
9
0
Techanical Analysis
May 7, 2026, 11:46 AM
📷 Photo
3,790
12
0
Techanical Analysis
May 7, 2026, 11:46 AM
📷 Photo
3,260
14
0
Techanical Analysis
May 7, 2026, 11:46 AM
Rally ,Base ,Drop
wyckoff theory အရ market က ၂မျိုးပဲ အလုပ်လုပ်တယ်
trend မယ် range မယ်
ဒီသဘောတရားအရ Supply demand zone မှာ pattern ၄ မျိုးရှိတယ်
rally base rally
drop base drop
rally base drop
drop base rally
rally ဆိုတာ တက်တာ base က နားတာ
drop ဆိုတာ ကျတာ base က နားတာ
rally base rally ဆိုတာ တက်ပြီးရင်းဆက်တက်
drop base drop ဆိုတာ ကျပြီးရင်းကျ
ဒါက trending ဖြစ်တဲ့အခြေအနေမှာတွေ့ရတက်ပါတယ်
range ဖြစ်တဲ့အခြေအနေမှာတော့
rally base drop တက်ပြီးတော့ပြန်ကျ
drop base rally ကျပြီးတော့ပြန်တက်
ဆိုတာကို တွေ့ရတက်ပါတယ်
ဒီနေရာမှာ နားလည်ကမှာက base ဆိုတာသည် supply or demand zoneဆိုတာဖြစ်ပြီး
rally or drop ဆိုတာသည် markup or markdown ကိုဆိုလိုတာ သိရပါမယ်
Trading မှာအရေးအကြီးဆုံးကတော့ မိမိ ဘယ်နေရာမှာရောက်နေတယ်ဆိုတာသိဖို့ပါပဲ
မိမိက trend ထဲမှာရောက်နေရင် trend ကို follow ပါ
မိမိက range ထဲမှာရောက်နေရင်တော့ အဝယ်အရောင်းကို သတိထားပါ
market က တစ်ဖက်ဖက်ကို ဖောက်ထွက်မှ လိုက်တာပိုပြီးအဆင်ပြေနိုင်ပါတယ်