Chưa có đánh giá nào. Hãy là người đầu tiên chia sẻ trải nghiệm của bạn!
Bài đăng gần đây
🖥နည်းပညာများ🖥
09:03 10 thg 4, 2026
📷 Photo
9,570
17
0
🖥နည်းပညာများ🖥
09:03 10 thg 4, 2026
Windows Key + R ကိုနှိပ်ပြီး Run dialog box ကိုဖွင့်နိုင်ပြီး၊ ထိုနေရာတွင် command များထည့်ရေးနိုင်ပါသည်။ သုံးလေ့ရှိသော Run command များကို အောက်တွင်ဖော်ပြထားပါသည်
အတိုကောက်မှတ်ရတော့ ပိုလွယ်သာပေါ့
ဥပမာ Command Prompt box ကိုခေါ်ချင်ရင် စာလုံးအပြည့်မရေးတော့ပဲ မှတ်ကလွယ်အောင် Run box ထဲမှာ Cmd လို့ရိုက်ရင် Command Prompt box ကျလာမယ်
ဒါကတော့ အသုံးများတဲ့ Run box ကနေခေါ်သုံးလို့ရတဲ့ ဟာလေးတွေပါပဲ
System Tools
cmd → Command Prompt
powershell → PowerShell
taskmgr → Task Manager
msconfig → System Configuration
regedit → Registry Editor
dxdiag → DirectX Diagnostic Tool
devmgmt.msc → Device Manager
diskmgmt.msc → Disk Management
compmgmt.msc → Computer Management
control → Control Panel
Network & Connectivity
ncpa.cpl → Network Connections
inetcpl.cpl → Internet Properties
firewall.cpl → Windows Firewall
wf.msc → Windows Defender Firewall with Advanced Security
User & Account Settings
netplwiz → User Accounts
lusrmgr.msc → Local Users and Groups (Windows Pro & Enterprise)
gpedit.msc → Local Group Policy Editor (Windows Pro & Enterprise)
Programs & Features
appwiz.cpl → Programs and Features (Uninstall programs)
optionalfeatures → Windows Features on or off
Others
notepad → Open Notepad
calc → Open Calculator
mspaint → Open Paint
explorer → Open File Explorer
shell:startup → Open Startup folder
snippingtool → Open Snipping Tool
ထို command များကို Windows + R တွဲနှိပ်၍ Run dialog တွင် ရိုက်ထည့်ပြီး အသုံးပြုနိုင်ပါသည်။
Desa Bal
13,600
🖥နည်းပညာများ🖥
09:03 10 thg 4, 2026
Windows ကွန်ပျူတာ မပျက်အောင် (မကျအောင်) သုံးစွဲဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာနိုသင့်ပါတယ်။
======================================
1. မလိုအပ်တဲ့ Software မသွင်းပါနဲ့
အထူးသဖြင့်, မသိသေးတဲ့ Website တွေက Software တွေ (Crack, Keygen) ကို မသွင်းပါနဲ့။
Windows Store သို့မဟုတ် တရားဝင်အရင်းမြစ်တွေကပဲ Program တွေ သွင်းပါ။
2. Antivirus ကို Update လုပ်ထားပါ
Windows Defender သုံးနိုင်သလို, Malwarebytes, Avast စတဲ့ Antivirus Software ကောင်းတွေ သုံးပါ။
အချိန်မရွေး Scan ပြုလုပ်ပေးပါ။
3. Windows Update ကို Regular ပြုလုပ်ပါ
Windows Update မလုပ်ရင် Security Weaknesses ဖြစ်နိုင်တဲ့အတွက် Regular Update လုပ်ပေးပါ။
Control Panel → Windows Update မှာ Check for updates လုပ်ပါ။
4. Untrusted Website & Emails မဝင်ပါနဲ့
Fake Website, Phishing Emails တွေမှာ Attachments မဖွင့်ပါနဲ့။
HTTPS မပါတဲ့ (သို့မဟုတ်) Warning ပြတဲ့ Webpages တွေကို မဝင်ပါနဲ့။
5. ကြားဖြတ် Power ပျက်မှာကြိုတင်ထိန်းချုပ်ပါ
UPS သုံးခြင်းဖြင့် Power Cut ကြောင့် System Damage မဖြစ်အောင် ကာကွယ်နိုင်သည်။
Laptop Battery သုံးစွဲသူများအတွက် Battery မဖြုတ်ခင် Shut Down မလုပ်ဘဲ အားသွင်းပြီး သုံးပါ။
6. Disk Cleanup & Defragmentation ပြုလုပ်ပါ
C Drive Space ကို အမြဲ ကြည့်ရှုပြီး, အလိုမရှိတဲ့ File, Cache, Temporary Files တွေရှင်းပါ။
SSD မဟုတ်ရင် Hard Disk ကို Regular Defragmentation ပြုလုပ်ပါ။
7. မလိုအပ်တဲ့ Startup Programs မရှိအောင် ပြုလုပ်ပါ
Task Manager → Startup Tab မှာ မလိုအပ်တဲ့ Programs ကို Disable လုပ်ပါ။
8. Backup ယူထားပါ
မဖြစ်မနေ အရေးကြီးတဲ့ File တွေကို External Hard Drive, Cloud Drive (Google Drive, OneDrive) တို့မှာ Backup ယူထားပါ။
System Restore Point တည်ဆောက်ထားပါ။
9. Licensed Software & Drivers သုံးပါ
Pirate Software တွေက Virus, Malware တွေပါလာနိုင်တဲ့အတွက် တရားဝင် Software & Drivers များကိုပဲ သုံးပါ။
Driver များကို Official Website မှ Download ပြုလုပ်ပါ။
10. Overheating ဖြစ်မှာရှောင်ပါ
Laptop ကို Cooling Fan နဲ့ သုံးခြင်း, Desktop ကို သန့်ရှင်းမှုပြုလုပ်ခြင်းဖြင့် Overheating မဖြစ်အောင် သတိပြုပါ။
ဒီအချက်တွေကို လိုက်နာနိုင်ရင် Windows OS ကို မပျက်အောင် သုံးနိုင်မှာပါ။
Cred
Desa Bal
🖥နည်းပညာများ🖥
09:03 10 thg 4, 2026
📷 Photo
7,180
13
0
🖥နည်းပညာများ🖥
09:03 10 thg 4, 2026
Windows Update လုပ်လိုက်တဲ့အခါမှာရော ဘာတွေဖြစ်နိုင်သလဲ?
=====================================
1. Compatibility Issues (Software ကိုက်ညီမှုမရှိနိုင်ခြင်း)
Update ကြောင့် အဟောင်းတုန်းက အလုပ်လုပ်နေတဲ့ software တွေ error ဖြစ်နိုင် (e.g., Adobe, AutoCAD, printer drivers, etc.)
Driver တွေ မကိုက်ညီနိုင်တာကြောင့် hardware (e.g., mouse, keyboard, sound card) မအလုပ်လုပ်နိုင်တော့
2. Performance Issues (စွမ်းဆောင်ရည်ကျဆင်းနိုင်ခြင်း)
Update အသစ်တစ်ခါတလေ RAM, CPU ပိုသုံးတတ်တဲ့အတွက် စက်အရင်လိုမမြန်တော့နိုင်
Battery life ပိုတိုသွားနိုင်
3. Bugs & System Crashes (Bug & Error များဖြစ်နိုင်ခြင်း)
Microsoft က တခါတလေ မသေချာတဲ့ updateတွေထုတ်လိုက်ပြီး bug များဖြစ်တတ်
Blue Screen of Death (BSOD) တက်နိုင်
Windows boot မတက်နိုင်တော့တာမျိုးဖြစ်နိုင်
4. Storage Consumption (Disk Space ပိုသုံးတတ်)
Update တွေက SSD/HDD ပိုပြီးနေရာယူနိုင်
Update file မဖျက်ထားလို့ disk space မလုံလောက်တော့နိုင်
5. Forced Updates (မလိုချင်ဘဲ update ဖြစ်သွားနိုင်)
Windows 10, 11 တွေမှာ automatic update ကို disable လုပ်ရခက်
Internet speed နည်းရင် update တင်ရတာကြာတတ်
6. Data Loss (အချက်အလက်ပျောက်နိုင်ခြင်း)
တခါတလေ update မှားပြီး file တွေမပျောက်သွားလို့ backup မလုပ်ထားရင် ပြန်မရနိုင်
ရှောင်ရှားနည်းများ
✔ Update မလုပ်မီ backup လုပ်ထားပါ
✔ Update လုပ်မလားစဉ်းစားမယ်ဆိုရင် Microsoft forum & review တွေဖတ်ပြီးမွမ်းမံမှုကောင်း/မကောင်း စစ်ဆေးပါ
✔ Update လုပ်ပြီးမှ error တွေပေါ်လာရင် System Restore/Uninstall Update ပြန်လုပ်နိုင်
သင့် PC ဟာ stability အရေးကြီးတဲ့ system (e.g., office, business) ဖြစ်ရင် Windows Update ကို manual လုပ်ပြီး stable ဖြစ်မှသာ install ပြုလုပ်သင့်ပါတယ်။
Cred
Desa Bal
9,370
🖥နည်းပညာများ🖥
09:03 10 thg 4, 2026
ကွန် ပြု တာ သုံး သူ တိုင်း သိ ထား သင့် သော Keyboard Shortcut (၁၀) ခု အ ပိုင်း ( ၁ )
=================================
ကွန်ပျူတာ အခြေခံများကို နေ့စဉ်လေ့လာနိုင်ဖို့ Page လေးကို Follow လုပ်ထားဖို့ မမေ့ပါနဲ့😁😁👇
It Teach - By SAI
မင်္ဂလာပါခင်ဗျာ။ ဒီနေ့ ကျနော်နဲ့ အတူတူလေ့လာသွားမယ့် အကြောင်းအရာလေးကတော့ ကွန်ပြုတာသုံးသူတိုင်း သိထားသင့်သော Keyboard Shortcut အကြောင်းဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ Keyboard Shortcutကိုသုံးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲ ဆိုတာဘဲဖြစ်ပါတယ်။ Keyboard Shortcut တွေကို သုံးခြင်းဖြင့် ကွန်ပြုတာဖြင့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် ပိုမိုမြန်လာစေပါတယ်။ နောက်ပြီး ကွန်ပြုတာကို အထာကျကျ အသုံးပြုလာနိင်မှာ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင်စလိုက်ကြရအောင်ပါ။
နောက်လိုရင်လည်း ပြန်ကြည့်လို့ရအောင် Share ထားလိုက်ဦးနော်
(၁) Ctrl + C & Ctrl + X
Ctrl + C ဆိုတာသည် မိမိ ရွေ့ချင်သော ဖိုင်တစ်ခုကိုသော်၄င်း၊ စာကြောင်းကိုသော်၄င်း Select ပေးပြီးတော့ Ctrl C နှိပ်လိုက်မယ်ဆိုရင် Copy လုပ်ခြင်းဖြစ်ပါတယ်။ Ctrl + X ကိုနှိပ်လိုက်မယ်ဆိုရင် Cut လုပ်သည့် သဘောနှင့် တူပါ
သည်။
(၂) Ctrl + V
Ctrl + V ဆိုတာသည် Paste လုပ်ခြင်းဖြစ်ပါသည်။ Copy (သို့မဟုတ်) Cut လုပ်လာသော ဖိုင်တွေကို၄င်း၊ စာကြောင်းကို၄င်း သိမ်းဆည်းလိုသောနေရာရောက်သည့်အခါတွင် Ctrl + V နှိပ်လိုက်မယ်ဆိုရင် Paste လုပ်ခြင်းဖြစ်ပါသည်။
(၃) Ctrl + S
Ctrl + S ဆိုတာသည် မိမိ ၇ိုက်ထားသော စာများကို သိမ်းဆည်းလိုသည့်အခါတွင် Ctrl + S နှိပ်ပြီး သိမ်းဆည်းနိုင်ပါသည်။ Save လုပ်ခြင်းနှင့် သဘောတရား အတူတူပင်ဖြစ်ပါသည်။
(၄) Ctrl + F
Ctrl + F ဆိုတာသည် Browser သော်၄င်း၊ Word ၄င်း ဖွင့်ထားသည့်အချိန်တွင် ထိုစာမျက်နှာထဲ စာလုံးတစ်ခုခုကို ရှာချင်သည့်အခါတွင် Ctrl + F ကိုနှိပ်လိုက်ပြီး မိမိရှာချင်သည့် စာလုံးကို ရှာဖွေနိုင်ပါသည်။
(၅) Ctrl + Z & Ctrl + Y
Ctrl + Z & Ctrl + Y ဆိုတာသည် Undo & Redo ကိုလုပ်ခြင်း ဖြစ်ပါသည်။ ဒါကိုတော့ တော်တော်များများသိမယ်ထင်လို့ အသေးစိတ်ရှင်းမပြတော့ပါဘူး။
(၆) Alt + Tab
Alt + Tab ဆိုတာသည် လက်ရှိသုံးနေသော Program တစ်ခုမှ အခြားတစ်ခုကို ပြောင်းသုံးချင်သည့် အခါတွင် Mouse မကိုင်ဘဲ Alt + Tab ဖြင့် ပြောင်းနိုင်ပါသည်။
(၇) Ctrl + P
Ctrl + P ဆိုတာသည် Print ထုတ်လိုသည့် အခါတွင် အသုံးပြုခြင်း ဖြစ်ပါသည်။
(၈) Windows + E
My Computer ထဲကို ၀င်ရောက်ချင်သည့် အခါတွင် Windows + E ကို နှိပ်လိုက်ခြင်းဖြင့် ၀င်ရောက်နိုင်ပါသည်။
(၉) Windows + L
လက်ရှိသုံးနေသော ကွန်ပြုတာကို Lock လုပ်လိုလျှင် အသုံးပြုခြင်း ဖြစ်ပါသည်။
(၁၀) Ctrl + Shift + Esc
Task Manager ကိုခေါ်လိုသည့် အခါတွင် အသုံးပြုခြင်း ဖြစ်ပါသည်။
အပိုင်း (၂)တွင် ကျန်နေသေးသည့် Keyboard Shortcut (၁၀)ခုကို ဆက်လက်ဖော်ပြပေးပါမည်။
🙏အဆုံးထိ ဖတ်ရူ့လာပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ လေ့လာထားတဲ့ စာတွေကို ကောင်းစွာ ပြန်လည် အသုံးချနိင်ကြပါစေဗျာ။
ရေးသားသူ - ကိုကောင်းမြတ်