Korea Old Series ( Black Hole ) ကိုရီးယားဇာတ်လမ်းတွဲဟောင်းများ
15:09 7 thg 5, 2026
📷 Photo
The Atypical Family (2024)
Ep-1 to 12 ( The End )
The Atypical Family ဇာတ်လမ်းတွဲဟာ ထူးခြားဆန်းပြားတဲ့ စွမ်းအားကိုယ်စီရှိကြပေမဲ့ ခေတ်သစ်လူနေမှုစနစ်ရဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကြောင့် အဲဒီစွမ်းအားတွေ ပျောက်ဆုံးနေရတဲ့ မိသားစုတစ်ခုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လိုက်မင်းသားဟာ အတိတ်က ပျော်ရွှင်စရာအချိန်တွေဆီ ပြန်သွားနိုင်တဲ့စွမ်းအားရှိပေမဲ့ စိတ်ဓာတ်ကျရောဂါကြောင့် အဲဒီစွမ်းအားကို အသုံးမပြုနိုင်တော့ဘဲ ဖြစ်နေရသလို၊ သူ့ရဲ့မိသားစုဝင်တွေကလည်း အိပ်မပျော်တဲ့ရောဂါနဲ့ အဝလွန်ခြင်းစတဲ့ ပြဿနာတွေကြောင့် အနာဂတ်ကို ကြိုမြင်နိုင်တဲ့စွမ်းအားနဲ့ ပျံသန်းနိုင်တဲ့စွမ်းအားတွေကို လက်လွှတ်ထားရသူတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်အားငယ်နေကြတဲ့ မိသားစုဆီကို လျှို့ဝှက်ချက်ကိုယ်စီနဲ့ မိန်းကလေးတစ်ယောက် ရောက်ရှိလာတဲ့အခါမှာတော့ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ စွမ်းအားတွေဟာ မထင်မှတ်ဘဲ ပြန်ပွင့်လာခဲ့ပြီး မိသားစုအတွင်းက စိတ်ဒဏ်ရာတွေကို တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပြန်လည်ကုစားကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။
#TheAtypicalFamily #koreaseries #oldseries #2024series #mmsub #blackhole
Korea Old Series ( Black Hole ) ကိုရီးယားဇာတ်လမ်းတွဲဟောင်းများ
15:09 7 thg 5, 2026
📷 Photo
Marry You (2024)
Ep-1 to 10 ( The End )
#MarryYou #koreaseries #oldseries #2024series #mmsub #blackhole
1,260
0
Korea Old Series ( Black Hole ) ကိုရီးယားဇာတ်လမ်းတွဲဟောင်းများ
15:09 7 thg 5, 2026
📷 Photo
Captivating the King (2024)
Ep-1 to 16 ( The End )
Hospital playlist ထဲက မင်းသား Cho Jung-Seokနဲ့ ယဉ်ယဉ်လေးနဲ့ အရမ်းလှတဲ့ မင်းသမီး Shin Se-Kyung ကို
အတူတူ တွေ့မြင်ရမယ့် နန်းတွင်းအရှုတ်တော်ပုံဇာတ်လမ်းတွဲဖြစ်ပါတယ်...
ဇာတ်လမ်းအညွှန်း
--------------------
Lee In ( Cho Jung-Seok ) ဟာ အစ်ကိုဖြစ်သူ ဘုရင် Lee Sun ရဲ့ ဂရုစိုက်မှုနဲ့ယုံကြည်မှုတွေကို
ရရှိထားတဲ့ မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ သူ့ရဲ့အစ်ကိုကြီးအပေါ်မှာလည်း သစ္စာစောင့်သိတဲ့ Lee In ဟာ
Qing မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွားခံရပါတယ်။ညီဖြစ်သူရဲ့ သစ္စာစောင့်သိမှုကို
အထင်အမြင်လွဲသွားတဲ့ ဘုရင်ဟာ Lee In ကို သစ္စာဖောက်တယ်ဆိုပြီးတော့ မုန်းတီးစပြုလာပါခဲ့တယ်။
အစ်ကိုဖြစ်သူရဲ့ အထင်အမြင်လွဲမှုနဲ့ မုန်းတီးမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့ရတဲ့ မင်းသား Lee In ဟာ အမည်မသိ
မာကျောက်ကစားသမားတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ဘဝအလှည့်အပြောင်းမျိုးစုံဖြစ်လာဖို့
အကြောင်းဖန်လာပါတော့တယ်..ဒီစီးရီးဟာ နိုင်ငံရေး အချစ်ရေး မျိုးစုံဖွဲ့နွဲ့ထားတဲ့အတွက်ကြောင့်
ဇာတ်အိမ်ကောင်းကောင်းနန်းတွင်းစီးရီးတွေကိုကြိုက်တဲ့သူတွေအတွက် ကြည့်သင့်ပါကြောင်း...
#CaptivatingtheKing #koreaseries #oldseries #2024series #mmsub #blackhole
Korea Old Series ( Black Hole ) ကိုရီးယားဇာတ်လမ်းတွဲဟောင်းများ