ကြမ္မာစေရာ ချစ်တေးလွှာ 😘
Fate Chooses You (2026) 💕 အပိုင်း ၁ မှ ၆
ဒီတစ်ခါ သာ့ကျားတို့ကို မိတ်ဆက်ပေးချင်တာကတော့ ဝူရှစီးရီးအသစ်လေးတစ်ခုပါ။ ဒီဇာတ်လမ်းလေးက ဝူရှဆိုပေမဲ့ နတ်ဘုရားနဲ့လူသားမိန်းကလေးတို့ကြားက အချစ်ရိပ်နွေးနွေးကို ခပ်အုပ်အုပ်လေးဖြန့်ကျက်ထားတာမို့ သိုင်းချတာလဲကြည့်ရင်း အချစ်ချိုမြမြလေးကိုပါ ခံစားရမဲ့ဇာတ်လမ်းကောင်းလေးပါနော်။
ဇာတ်လမ်းရဲ့ MC တွေကတော့ Love and Crown မှာ နီမလိုလိုနဲ့ အမေဇုန်သစ်တောကြီးလိုစိမ်းချသွားတဲ့ Ren Jia Lun နဲ့အတူ Footprints of Change မှာ ပါဝင်ခဲ့တဲ့ မမလှလှလေး Wang He Run တို့က ကမ်မီရော ရူပပါမိအောင် သရုပ်ဆောင်ထားကြပါတယ်။ Ren Jia Lun နဲ့ Wang He Run တို့အပြင် Zhang Kai Ying၊ Huang Yi၊ Ding Xiao Ying၊ Sun Ze Yuan နဲ့ Riley Wang တို့ကပါ MC အဖြစ်ပါဝင်ထားတာမို့ ဇာတ်ဆောင်တွေ လုံးဝမြိုင်ဆိုင်နေမဲ့စီးရီးကောင်းတစ်ခုလို့ခံစားရမှာ အသေချာပါပဲ။
https://t.me/+hBCk-M3hFkg4MjZl