### အတ္တနဲ့မာနကြားကသူတို့ အပိုင်း ၇
ထိန်လင်းပြည့်က အိပ်ပျော်နေတဲ့အချိန်မှာ ဆောင်းသခင်က ထိန်လင်းပြည့်နားကိုကပ်ကာ "ဟော ချစ်ဖို့ကောင်းလိုက်တာ လူရီးကဆိုပြီး" ပြောနေတဲ့အချိန်မှာ, ထိန်လင်းပြည့်က ထယောင်ပါတယ်။ "လမင်းအိမ်, လမင်းအိမ်" ဆိုပြီး ယောင်နေတော့, ဆောင်းသခင်ရမ်းတွေဒေါသထွက်သွားပြီး ထိန်လင်းပြည့်အိပ်နေတဲ့အချိန်မှာ ထုထောင်းပြီးထွက်သွားပါတော့တယ်။
ထိန်လင်းပြည့်ကတော့ မနက်ရောက်တော့ ရမ်းတွေနာကျင်နေပြီး "အား ကျွတ်ကျွတ် အရက်နာကျတယ်ထင်ပြီး တော်တော် နောက်ဘယ်တော့မှအရက်မသောက်တော့ဘူး" ဆိုပြီး အိပ်ယာကနေထကာ အောက်ထပ်ကိုဆင်းပီး, ဆောင်းကို "အကိုပြန်တော့မယ်နော် အရေးကြီးကိစ္စရှိလို့" ဆိုပြီး ခေါ်နေတဲ့အချိန်, ဆောင်းက မီးဖိုချောင်ကနေ "လူရီး ဒီမာဆောင်းက ခဏလာပါအုံး" ဆိုပီးခေါ်ကာ "ကဲ ဒီမာ လူရီးတွက် အရက်သမားဟင်းချိုလုပ်ပေးထားတယ်" လို့ ပြောပါတယ်။
ထိန်လင်းပြည့်က "ဆောင်း, အကို အရေးကြီးသွားစရာကိစ္စလေးရှိတော့ မသောက်တော့ဘူးနော်" ဆိုတဲ့အခါ, ဆောင်းက "လူရီး အဖေ ဆေးရုံဆေးဖိုးကိစ္စမလားဆောင်း ပေးပြီးသွားပီ မနေ့ကညနေကတည်းက" လို့ပြောပါတယ်။ ထိန်လင်းပြည့်က "ဟာ ဆောင်း, အကို့မာပေးစရာပိုက်ဆံဆိုပြီးပြောရုံဘဲရှိသေး" ဆိုတဲ့အခါ, ဆောင်းက "လူရီးလစာထဲက လေနှုတ်လိုက်မယ်လေ အဲ့ဒါကရေးမကြီးပါဘူး" လို့ပြောပြီး "ကဲ ဒီမာ လူရီးတွက်လုပ်ပေးထားတဲ့ဟင်းချို သောက်လိုက်ပါအုံး" လို့ပြောပါတယ်။
ထိန်လင်းပြည့်က "ကျေးဇူးပါဆောင်း၊ ဒါနဲ့ အကိုက ဘာလုပ်ပေးရမာလဲ ဟင် လစာဒီလောက်များတာ" လို့မေးတဲ့အခါ, ဆောင်းက "ဆောင်းရဲ့ ယောင်္ကျားလုပ်ပေးရမာလေ လူရီး" ဆိုပြီး ကောင်လေးကလန့်သွားတယ်။ကောင်မလေးကစတာပါလူရီးကလည်း ဟီးဟီး တစ်ခုဘဲလူရီးဒီမာ နေပီး အိမ်လုပ်တွေလုပ်ပေးရမာ။
ကောင်လေးက "ဟာ, ဆောင်း, ယောင်္ကျားလေးနဲ့ မိန်းကလေးတစ်အိမ်ထဲမှာ တူနေရင် ပတ်ဝန်းကျင်ပြောလိမ့်မယ်လေ" လို့ပြောပါတယ်။ ဆောင်းက "လူရီးကလည်း အဲ့ပတ်ဝန်းကျင်ဆိုတဲ့လူတွေကို ဂရုစိုက်ရမာမဟုတ်ဘူး, ဆောင်းကိုဘဲ ဂရုစိုက်ရမာ, လူရီးလုပ်က မနက်ဖြန်ကစပီး အလုပ်ဆင်းရမယ်လူရီး" လို့ပြောပါတယ်။
ထိန်လင်းပြည့်က "ကောင်းပါပီဗျာ" ဆိုပြီး ဆောင်းလုပ်ပေးထားတဲ့ ဟင်းချိုကို သောက်ကာ "ကဲ ဆောင်း, အကို့ဖေဆီသွားတွေ့အုံးမယ်, နောက်မှဆုံမယ် ဆောင်း" လို့ပြောပါတယ်။ ဆောင်းက "လူရီး အဖေဆီ ကားငှားပြီးသွားမို့လား ဆောင်းလိုက်ပို့မယ် လူရီး" လို့ပြောတဲ့အခါ, ကောင်လေးက "ဟာ, အားနာစရာရီးဆောင်း ရတယ်, အကို့ဘာသာဘဲ အကိုသွားတော့မယ်" လို့ပြောပါတယ်။
ဆောင်းက "ကြည့်လုပ်ပြန်ပီ, အားဘဲနာနေတာဘဲ လာဆိုလာ, နှစ်ခါမခေါ်ဘူးနော်" လို့ပြောတဲ့အခါ, ကောင်လေးက "ကောင်းပါပီ ဆောင်း, ကျေးဇူးတင်ပါတယ် ဆောင်းကို" လို့ပြောပါတယ်။
ဆောင်းက "ဟူး, ဒီလူရိုးရီးနဲ့တော့ ခက်တာဘဲ, ကျေးဇူးဘဲတင်နေ ပါးစပ်နဲ့ဘဲမပြောနဲ့, အလုပ်နဲ့သက်သေပြပေး, လူရီးကဲ သွားရအောင်" လို့ပြောပါတယ်။
ဆောင်းက ကားစီးနေရင်း, ရုတ်တရက် ကောင်လေးကိုမေးလိုက်ပါတယ် "လူရီး, ညတုန်းကပြောတဲ့ တစ်ဖက်သတ်ချစ်ဆိုတဲ့ စာသားလေးကို သဘောကျပေမယ့်, အဲ့စာသားကိုပြောနေတဲ့ လူရီးကိုပိုသဘောကျတယ် ဟီးဟီး" လို့ပြောပါတော့တယ်။
လူရီးက "စာပြောတော်တာဘဲ" ဆိုတဲ့အခါ, ကောင်လေးက "ဟာ, အကိုဘယ်တုန်းကပြောမိတာလဲဗျ, ကျွန်နော် ယမကာနှစ်ခွက်မြောက်မှာဘဲ မူးပြီးမေ့သွားတာ, အဲ့နောက်ဘာတွေပြောနေလဲမမှတ်မိတော့ဘူး ဟဲဟဲ" လို့ပြောနေရင်း, သွားရမယ့်နေရာရောက်သွားပါတယ်။
ကောင်လေးက ကားပေါ်ကဆင်းပြီး, "ဆောင်း, လိုက်ခဲ့ပါလား ရောက်လက်စနဲ့" လို့ပြောတော့, ကောင်မလေးက "ပျော်သွားတယ်, ကောင်လေးရဲ့မိဘနဲ့ ပထမဆုံးသွားတွေ့ရမှာမို့" လို့ပြောပါတော့တယ်။
ဆောင်းက "လိုက်ခဲ့မယ်လေ ဟဲဟဲ, လူရီးဖေကိုကိုမြင်ဖူးအောင်လို့ပါ" လို့ပြောပါတယ်။
သူတို့ဆေးရုံကိုတက်သွားနေရင်း, လမင်းအိမ်ကိုတွေ့လိုက်ရတယ်, ကောင်လေးကခေါ်မလို့လုပ်နေတုန်း, စားသောက်ဆိုင်မှာတုန်းက အဖြစ်ပျက်ကိုသတိရပြီးတော့ စိတ်အားငယ်သွားပီး ကျော်သွားမလို့လုပ်တုန်း, ဆောင်းကရုတ်တရက် "လမင်းရေ, လမင်း, ဒီမာငါတို့တွေ, လမင်းအိမ်က ဟော နင်တို့တွေဘာလာလုပ်တာလဲ" လို့မေးတယ်။
ဆောင်းက "လူရီးအဖေဆေးရုံတက်နေလို့ရလို့ လူနာလာမေးတာပါ" လို့ပြောပါတယ်။
လမင်းအိမ်က "ဟယ်, ဘယ်လိုဖြစ်တာလဲ, ထိန်လင်းပြည့်, အမပါလိုက်ခဲ့မယ် တစ်လက်စတည်း" လို့ပြောပါတယ်။
ကောင်လေးက "အော်, မလမင်းလိုက်ခဲ့လို့ရပါတယ်ဗျ" ဆိုပြီး လူနာရှိရာအခန်းထဲ၀င်သွားပါတယ်။
ထိန်လင်းပြည့်တို့ အခန်းထဲရောက်တော့, ဦးကျော်၀ဏက ထလာပြီး ချောင်းတွေရမ်းဆိုးနေပါတယ်။
ပြီးတော့ ပြောလိုက်ပါတယ် "မင်းနောက်ကပါလာတဲ့ ကောင်မလေးတွေက ဘယ်သူတွေလဲ" လို့။
ကောင်လေးက "သားသူငယ်ချင်းတွေပါ အဖေ" လို့ပြောပါတယ်။
ဦးကျော်၀ဏက "ကဲသား, အဲ့ဒါခဏထား, သားကငယ်ငယ်ကတည်းက အဖေ့ဆေးဖိုးတွက် အလုပ်တွေငယ်ငယ်ရွယ်ရွယ်နဲ့လုပ်ခဲ့ရတယ်။ ဒါပေမယ့် မင်းမေကြောင်းမင်းတစ်ခါမှအဖေ့ကိုမမေးခဲ့ဖူးဘူး။ ခု အဖေခံစားနေကပီ မကြာခင် ဒီလောကရီးထဲကနေထွက်သွားရတော့မယ်ဆိုတာ။ အဖေမင်းကို မင်းမေကြောင်းပြောပြမယ် ငါ့သား"။